• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး မနီလာ၌ ဖွင့်လှစ်

(GMT+08:00) 2017-11-13 16:32:40

      ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ယခုလ ၁၃ ရက်နေ့က ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့၌ တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အာဆီယံ ထိပ်သီးအစည်းအဝေး အပြီးတွင် မနီလာမြို့၌ အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး အပါအဝင် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး အကြိမ်များစွာလည်း ကျင်းပမည်ဟု သိရပါသည်။

အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များ အပြင်၊ တရုတ်၊ အမေရိကန်၊ ရုရှား၊ ဂျပန်၊ တောင်ကိုးရီးယား၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ စသည့်နိုင်ငံများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့လည်း သက်ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ကြကြောင်း သိရပါသည်။

   Webradio