• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာအို-တရုတ် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် လာအို လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည်ဟု လာအို စက်မှုကုန်သွယ်မှု ဝန်ကြီးဆို

(GMT+08:00) 2017-11-13 14:57:45

        တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် လာအိုနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်မည် ဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး လာအို စက်မှုကုန်သွယ်မှု ဝန်ကြီး၊ လာအို-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ကယ်မာနီ-ပန်းရှားနားက ဥက္ကဋ္ဌရှီကျင့်ဖိန်၏ နိုင်ငံရေးအတွေးအခေါ်များနှင့် လာအို-တရုတ် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ်များကို ချီးကျူးပြီး ဥက္ကဋ္ဌရှီကျင့်ဖိန်၏ လာအိုခရီးစဉ်ကို မျှော်လင့်ကြောင်း ယခုလ ၁၀ ရက်နေ့က ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio