• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရန် အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး မျှော်လင့်

(GMT+08:00) 2017-11-13 14:56:38

        ၃၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးများကို ယခုလ ၁၀ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ စတင်ကျင်းပခဲ့ပြီး တရုတ်ဝန်ကြီးချုပ် လီခေ့ချန်သည် အာဆီယံခေါင်းဆောင်များနှင့်အတူ တရုတ်-အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကိုလည်း ပြုလုပ်မည်။ အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှူဘုက ၂၀၁၈ခုနှစ်သည် တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု ထားရှိသည့် ၁၅နှစ်မြောက်နှစ်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံမှုသည် အဆင့်မြင့်တင်ရန် သော့ချက်ကျရာရှိနေကြောင်း၊ နှစ်ဦးနှစ်ဖက်တို့အနေနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဘက်ဆက်ဆံမှုကို အဆင့်မြှင့်တင်ကာ ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ  ကံကြမ္မာ အသိုက်အဝန်းကို တည်ထောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio