• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဝန်ကြီးချုပ်၏ ဖိလစ်ပိုင် ခရီးစဉ် အရေးကြီး အဓိပ္ပါယ် ရှိသည်ဟု ဖိလစ်ပိုင် နိုင်ငံရေး အကဲခတ် ဆို

(GMT+08:00) 2017-11-13 09:37:10

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး အစည်းအဝေး တက်ရောက်ရန်နှင့် ဖိလစ်ပိုင်၌ ခရီးလှည့်လည်ရန် ယခုလ ၁၂ ရက်နေ့က မနီလာမြို့သို့ ရောက်ရှိခဲ့ပါသည်။

ယင်းနှင့် ပတ်သက်ပြီး ဖိလစ်ပိုင် နာမည်ကြီး နိုင်ငံရေး အကဲခတ် လော်လေက၊ ဝန်ကြီးချုပ် လီခေ့ချန်၏ ဖိလစ်ပိုင် ခရီးစဉ်သည် နိုင်ငံအသီးသီးတို့၏ တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရေးအပေါ် နားလည်မှုနှင့် ယုံကြည်မှုကို များစွာ တိုးလာစေနိုင်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြား ခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

လော်လေက၊ လွန်ခဲ့သည့် တစ်နှစ်ကျော်အတွင်း ဖိလစ်ပိုင် အရပ်ဘက်တွင် တရုတ်ပြည် အပေါ် နားလည် ထင်မြင်ချက်မှာ များစွာ ကောင်းမွန်လာပြီ ဖြစ်ကြောင်း၊ တရုတ် ဝန်ကြီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံ အကြား အရပ်ဘက် ချစ်ကြည်ရေးကို တဆင့်တိုး တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio