• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဗီယက်နမ်-တရုတ် ချစ်ကြည်ရေး နန်းတော် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား တက်ရောက်

(GMT+08:00) 2017-11-13 09:03:06

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ ရက်နေ့က ဟနွိင်းမြို့၌ ဗီယက်နမ်-တရုတ် ချစ်ကြည်ရေး နန်းတော် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားနှင့် ဟနွိင်းမြို့ တရုတ် ယဉ်ကျေးမှုစင်တာ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဗီယက်နမ်-တရုတ် ချစ်ကြည်ရေး နန်းတော်သည် ဟနွိင်းမြို့၌ တည်ရှိပြီး တရုတ်ပြည် ထောက်ပံ့ကူညီ ဆောက်လုပ်ပေးသည့် စံတင်လောက်သော အဆောက်အဦး ဖြစ်ကြောင်း၊ ဟနွိင်းမြို့ တရုတ် ယဉ်ကျေးမှုစင်တာသည် တရုတ်နိုင်ငံက ဗီယက်နမ်သို့ စေလွှတ်သော အစိုးရ ယဉ်ကျေးမှု ဌာန ဖြစ်ကြောင်း သိရပါသည်။

   Webradio