• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး နွမ်ဖူထရွန်နှင့် တွေ့ဆုံ

(GMT+08:00) 2017-11-13 08:37:10

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ ရက်နေ့က ဟနွိင်းမြို့၌ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး နွမ်ဖူထရွန်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် အဆင့်မြင့် ခေါင်းဆောင်များအကြား ကူးလူးဖလှယ်မှုကို ထိန်းသိမ်း အားဖြည့်ရန်၊ ချစ်ကြည်ရေး မူဝါဒကို စွဲစွဲမြဲမြဲ ကျင့်သုံးရန်၊ မဟာဗျူဟာ ကူးလူးဖလှယ်မှုကို တိုးမြှင့်ရန်၊ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တွန်းအားပေးရန်၊ သဘောကွဲလွဲမှုများကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန် စသဖြင့် သဘောတူကြကြောင်း သတင်းရရှိပါသည်။

   Webradio