• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဗီယက်နမ် လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00) 2017-11-13 08:21:32

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ ရက်နေ့က ဟနွိင်းမြို့၌ ဗီယက်နမ် လွှတ်တော် ဥက္ကဋ္ဌ နွမ်သီကင်ညမ်နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှင့် ဗီယက်နမ် နိုင်ငံ လွှတ်တော် အကြား ချစ်ကြည်ရေး ကူးလူးဖလှယ်မှုကို မြင့်မားစွာ ချီးကျူးပြီး တရုတ်ပြည်၏ ဥပဒေ စိုးမိုးရေးလုပ်ငန်း ဘက်စုံ တွန်းအားပေး ဆောင်ရွက်ရေးဆိုင်ရာ အတွေ့အကြုံများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio