• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဗီယက်နမ်၌ စတင် ခရီးလှည့်လည်

(GMT+08:00) 2017-11-12 15:17:04
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရန် ယခုလ ၁၂ ရက်နေ့က ဟနွိင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။ရှီကျင့်ဖိန်သည် ဒါနမ်မြို့၌ ကျင်းပသော အေပက်အဖွဲ့ ၂၅ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး တက်ရောက် ပြီးနောက် ဟနွိင်း မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
   Webradio