• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ချီလီ သမ္မတ တရုတ်-ချီလီ လွတ်လပ်သောကုန်သွယ်ရေး စာချုပ် အဆင့်မြှင့်တင်ရေး အခြေပြစာတမ်း ချုပ်ဆိုပွဲသို့ တက်ရောက်

(GMT+08:00) 2017-11-12 09:17:57

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၁ ရက်နေ့က ဗီယက်နမ် နိုင်ငံ ဒါနမ်မြို့၌ ချီလီ သမ္မတ ပါချယ်လက်နှင့်အတူ တရုတ်-ချီလီ လွတ်လပ်သောကုန်သွယ်ရေး စာချုပ် အဆင့်မြှင့်တင်ရေး အခြေပြစာတမ်း ချုပ်ဆိုပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ယင်းသည် တရုတ်နိုင်ငံက လက်တင်အမေရိက နိုင်ငံနှင့် ပထမဆုံး အကြိမ် လွတ်လပ်သော ကုန်သွယ်ရေး စာချုပ် အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။

ချီလီသည် ပထမဆုံးသော တရုတ်နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေး စာချုပ် ချုပ်ဆိုသော လက်တင် အမေရိက နိုင်ငံ ဖြစ်ကြောင်း သိရပါသည်။

   Webradio