• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံ

(GMT+08:00) 2017-11-12 09:09:40

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၁ ရက်နေ့က ဗီယက်နမ် နိုင်ငံ ဒါနမ်မြို့၌ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်-ဂျပန် ဆက်ဆံမှု ပုံမှန် တိုးတက်ခြင်းသည် နှစ်ဖက်တို့၏ အကျိုးစီးပွါးနှင့် ကိုက်ညီပြီး ဒေသတွင်းနှင့် နိုင်ငံတကာ အတွက် အရေးကြီး အကျိုး သက်ရောက်မှု ရှိပါကြောင်း၊ တရုတ်-ဂျပန် ဆက်ဆံမှု ကောင်းမွန်စေရေး၏ သော့ချက်မှာ အပြန်အလှန် ယုံကြည်ခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။

ရှင်ဇိုအာဘေးက၊ ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် လက်တွဲ ကြိးပမ်းပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် အပြန်အလှန် အကျိုးရှိစေရေး ဆက်ဆံမှု ဆက်လက် တိုးတက် လာအောင် တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။

   Webradio