• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တောင်ကိုးရီးယား သမ္မတ မူဂျေအင်နှင့် တွေ့ဆုံ

(GMT+08:00) 2017-11-12 08:56:25

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၁ ရက်နေ့က ဗီယက်နမ် နိုင်ငံ ဒါနမ်မြို့၌ တောင်ကိုးရီးယား သမ္မတ မူဂျေအင်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် တောင်ကိုးရီးယားနိုင်ငံနှင့် ဆက်ဆံမှုကို အလေးထားပြီး တောင်ကိုးရီးယားနှင့် လက်တွဲပြီး နှစ်နိုင်ငံ ဆက်ဆံမှု ပုံမှန် တိုးတက်ရေးကို တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။

မူဂျေအင်က၊ တောင်ကိုးရီးယားနှင့် တရုတ်နိုင်ငံတို့ လက်တွဲ ကြိုးပမ်းပြီး နှစ်နိုင်ငံ အဆင့်မြင့် ကူးလူးဆက်ဆံရေးနှင့် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု အမြန်ဆုံး ပြန်လည် ပုံမှန် ဖြစ်လာအောင် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ တောင်ကိုးရီးယားသည် "သာဒ်" ရေးရာ အပေါ် တရုတ်ပြည်၏ အာရုံစိုက်မှုကို အလေးထားပြီး တရုတ်ပြည်၏ မဟာဗျူဟာ လုံခြုံမှု ဆိုင်ရာ အကျိုးစီးပွါးကို မထိခိုက်လိုကြောင်း ပြောကြားပါသည်။

   Webradio