• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အေပက်အဖွဲ့ ၂၅ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး တက်ရောက်ပြီး မိန့်ခွန်း ပြောကြား

(GMT+08:00) 2017-11-12 08:43:54

အေပက်အဖွဲ့ ၂၅ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ယခုလ ၁၁ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဒါနမ်မြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အာရှ ပစိဖိတ်ဒေသ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်ကို လက်တွဲ ဖွင့်လှစ်ခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် စွမ်းအားသစ်ကို ဖန်တီးပြီး အတူ မျှဝေ ခံစားသော အနာဂတ်ကို ထူထောင်ခြင်း ဖြစ်ကြောင်း သိရပါသည်။

အစည်းအဝေးတွင် ရှီကျင့်ဖိန်က၊ ဆန်းသစ်တီထွင်ရေးကို စွဲစွဲမြဲမဲ တွန်းအားပေးရမည် ဖြစ်ပြီး အရှိန် ကောင်းမွန်သော ဖွံ့ဖြိုးရေးစွမ်းအားကို ထူထောင်ရမည် ဖြစ်ကြောင်း၊ တံခါးဖွင့်ရေးကို ဦးလည်မသုန် တိုးမြှင့် ဆောင်ရွက်ရမည် ဖြစ်ပြီး ကျယ်ပြန့်သော ဖွံ့ဖြိုးရေး အလားအလာကို ဖန်တီးပေးရမည် ဖြစ်ကြောင်း၊ သက်ညှာထောက်ထားမှု ပါရှိသော ဖွံဖြိုးတိုးတက်ရေးကို တက်ကြွစွာ ဖေါ်ဆောင်ရမည် ဖြစ်ပြီး ပြည်သူများ အကျိုးစီးပွါး ပိုမို ခံစားစေရမည် ဖြစ်ကြောင်း၊ မိတ်ဖက် ဆက်ဆံမှု၏ အနက်သဘော ပေါကြွယ်လာအောင် အဆက်မပြတ် ကြိုးပမ်းရမည် ဖြစ်ပြီး အပြန်အလှန် အကျိုးရှိစေရေးကို အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် အေပက်အဖွဲ့ ၂၅ ကြိမ်မြောက် ထိပ်သီး ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio