• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဖိလစ်ပိုင် သမ္မတ ဒူတာတယ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-11-12 08:33:41

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၁ ရက်နေ့က ဗီယက်နမ် နိုင်ငံ ဒါနမ်မြို့၌ ဖိလစ်ပိုင် သမ္မတ ဒူတာတယ်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ဆက်ဆံမှုသည် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုတွင် စွဲကိုင်ရသော မှန်ကန်သော ဦးတည်ချက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့်အတူ မဟာဗျူဟာရှုထောင့်နှင့် ရေရှည် ရှုထောင့်အရ နှစ်နိုင်ငံ အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင် ဆောင်ရွက်ကာ နှစ်နိုင်ငံ ပြည်သူများအား ပိုမို ကောင်းမွန်စွာ အကျိုးပြု စွမ်းဆောင် ပေးလို ပါကြောင်း ပြောကြားပါသည်။

ဒူတာတယ်က၊ ဖိလစ်ပိုင်-တရုတ် ဆက်ဆံမှုသည် လွန်စွာ အရေးကြီးကြောင်း၊ ဖိလစ်ပိုင်သည် တရုတ်နိုင်ငံအား ရိုးသားဖြူစင်သော မိတ်ဆွေအဖြစ် သဘောထားပြီး ဖိလစ်ပိုင်၏ စီးပွါးရေး ထူထောင်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးတွင် တရုတ်ပြည်၏ အကူအညီ ပေးခြင်းအတွက် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားပါသည်။

   Webradio