• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အေပက်အဖွဲ့ ဝန်ကြီးများ အစည်းအဝေးတွင် အာရှ ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ထောင်ရေးကို တွန်းအားပေးရမည်ဟု ဆို

(GMT+08:00) 2017-11-11 10:11:46

အေပက်အဖွဲ့ ၂၉ ကြိမ်မြောက် ဝန်ကြီးများ အစည်းအဝေးတွင် ဝန်ကြီးများ ပူးတွဲ ကြေညာ စာတမ်းကို အတည်ပြုပြီး၊ အာရှ ပစိဖိတ်ဒေသ လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ထောင်ရေးကို ဆက်လက် တွန်းအားပေးရမည် ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန နိုင်ငံတကာရေးရာ ညွှန်ကြားရေးမှူးချုပ် ကျမ်ရှောင်ကမ်က၊ ယခုအကြိမ် အစည်းအဝေးတွင် ဘက်အသီးသီးတို့သည် နိုင်ငံဖြတ်ကျော် အင်တာနက် ကုန်သွယ်ရေး၊ အပြန်အလှန် ဆက်သွယ်ရေး၊ ဝန်ဆောင်မှု ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး စသည့်နယ်ပယ်များတွင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုများကို ရရှိခဲ့ကြောင်း ၁၀ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားပါသည်။

   Webradio