• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင်ဖိန်၏ အေပက် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခြင်းကို အစည်းအဝေး တက်ရောက်သူများ ချီးကျူး

(GMT+08:00) 2017-11-11 09:51:08

  ယခုလ ၁၀ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ ဒါနမ် မြို့၌ ကျင်းပသော အေပက်အဖွဲ့ စက်မှုနှင့် ကုန်သွယ်မှု ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးတွင် ကမ္ဘာ့ စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး အခွင့်ကောင်းကို အသုံးချပြီး အာရှ ပစိဖိတ်ဒေသ ပိုမို ကြီးမားသော ဖွံ့ဖြိုးရေးကို ရှာကြံခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အစည်းအဝေး တက်ရောက်သော ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များသည် ရှီကျင့်ဖိန် မိန့်ခွန်း ပြောကြားရာတွင်၊ Belt and Road ၊ လူသား ကံကြမ္မာ၊ အပြန်အလှန် ဆက်သွယ်မှု၊ သိပံ္ပနည်းပညာ ဆန်းသစ်ရေး စသည့် အဆိုပြုချက်နှင့် အတွေးအခေါ်များကို အာရုံစူးစိုက်ပြီး မြင့်များစွာ ချီးကျူး ပြောဆို ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio