• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အေပက်အဖွဲ့ စက်မှုနှင့် ကုန်သွယ်မှု ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်း ပြောကြား

(GMT+08:00) 2017-11-11 09:39:28

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၀ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဒါနမ် မြို့၌ အေပက်အဖွဲ့ စက်မှုနှင့် ကုန်သွယ်မှု ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ကမ္ဘာ့ စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး အခွင့်ကောင်းကို အသုံးချပြီး အာရှ ပစိဖိတ်ဒေသ ပိုမို ကြီးမားသော ဖွံ့ဖြိုးရေးကို ရှာကြံခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ကမ္ဘာကြီးသည် လျင်မြန်စွာ ပြောင်းလဲနေသည့် သမိုင်း ဖြစ်စဉ်၌ တည်ရှိ နေပြီး ကမ္ဘာ့စီးပွါးရေးသည် လေးနက်စွာ ပြောင်းလဲ နေကြောင်း၊ မိမိတို့သည် ခေတ်ရေစီးကြောင်းနှင့်အညီ တာဝန်ဝတ္တရားများကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်ကာ အာရှ ပစိဖိတ် အနာဂတ် စည်ပင်သာယာရေးကို လက်တွဲ ထူထောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio