• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံ

(GMT+08:00) 2017-11-11 09:22:36

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၀ ရက်နေ့က ဗီယက်နမ် နိုင်ငံ ဒါနမ် မြို့၌ ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်-ရုရှားတို့ တည်ထောင် တိုးတက်နေသော ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုသည် အပြန်အလှန် လေးစားရေး၊ တရားမျှတရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အမျိုးအစားသစ် နိုင်ငံတကာ ဆက်ဆံမှု စံနမူနာကောင်းကို ထူပြခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့် လက်တွဲပြီး နှစ်နိုင်ငံ ဆက်ဆံမှု အဆင့်မြင့် တိုးတက်မှုကို ဦးလည်မသုန် တွန်းအားပေးပြီး ကိုယ့်နိုင်ငံ၏ လုံခြုံမှုနှင့် ဖွံ့ဖြိုးမှုကို တွန်းအား ပေးကာ ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေးကို ပိုမို ကောင်းမွန်စွာ ထိန်းသိမ်း လိုပါကြောင်း ပြောကြားပါသည်။

ပူတင်ကလည်း၊ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု တိုးတက်ရေးကို နိုင်ငံခြားရေး မူဝါဒ၏ ဦးစားပေး ဦးတည်ချက် အဖြစ် အမြဲ ထားနေကြောင်း ပြောကြားပါသည်။

   Webradio