• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အမေရိကန်တို့သည် ကန်ဒေါ်လာ ဘီလီယံ ၂၅၀ကျော်တန်ဖိုးရှိသော စာချုပ်များ ချုပ်ဆို

(GMT+08:00) 2017-11-10 16:14:38

ယခုလ ၉ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် အလည်အပတ် ရှောက်ရှိလာသော အမေရိကန် သမ္မတ ထရန့်တို့သည် တရုတ်-အမေရိကန် လုပ်ငန်း ရှင်များဆွေးနွေးပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်း အရ သိရသည်။

၎င်းအခမ်းအနားတွင် နှစ်နိုင်ငံတို့သည် စွမ်းအင်၊ ကုန်ထုတ်လုပ်ငန်း၊ လယ်ယာစိုက်ပျိုး ရေးစသည့် နယ်ပယ်များတွင် ကုန်သွယ်ရေး သဘောတူစာချုပ်နှင့် အပြန်အလှန် ရင်းနှီးမြှုပ်နှံရေး သဘောတူစာချုပ်များကို ချုပ်ဆိုခဲ့ကြကြောင်း၊ သမ္မတ ထရမ့်၏ တရုတ်ပြည် ခရီးစဉ် အတွင်း နှစ်နိုင်ငံ ချုပ်ဆိုခဲ့သော သဘောတူစာချုပ်များ၏ စုစုပေါင်း တန်ဖိုး ပမာဏမှာ အမေရိကန် ဒေါ်လာ ၂၅၃့၅ဘီလီယံ ရှိပြီး တရုတ်-အမေရိကန် စီးပွား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်းတွင်ရော၊ ကမ္ဘာ့ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်းတွင်ပါ စံချိန်သစ် တင်ခဲ့ကြောင်း တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အနာဂတ်တွင် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ရှေ့အလားအလာ အလွန် များစွာ ရှိပြီး အပြန်အလှန် အကျိုးရှိစေမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio