• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ထရမ့်တို့ သတင်းထောက်များနှင့် တွေ့ဆုံ

(GMT+08:00) 2017-11-09 20:35:20

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် အလည်အပတ် ရောက်ရှိနေသော အမေရိကန် သမ္မတ ထရမ့်တို့သည် ယခုလ ၉ရက်နေ့က ပီကင်းပြည်သူ့ ခန်းမဆောင်ကြီး တွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပြီးခဲ့သည့် ၂ရက်အတွင်း မိမိနှင့် သမ္မတ ထရမ့်တို့သည် တရုတ်- အမေရိကန် ဆက်ဆံရေး၊ နှစ်ဖက်စလုံး အာရုံစိုက်ကြသော အရေးကြီး နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အရေးကိစ္စနှင့် ပြဿနာများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ပြီး လာမည့် အဆင့်ကာလတွင် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အရေးကြီး သဘောတူညီမှုသစ်များ ရရှိခဲ့ကြကြောင်း၊ မိမိတို့၏ တွေ့ဆုံဆွေးနွေးပွဲသည် အပြုသဘောဆောင်ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ပြောကြားသည်။

သမ္မတ ထရမ့်က အမေရိကန်-တရုတ် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံ ပြည်သူများ၏ နေထိုင်မှု ကောင်းမွန်စေရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးပွား စေရေးအတွက်  လက်ရှိအချိန်တွင် မည်သည့် အချိန်မဆိုကထက် ပိုမိုကောင်းမွန် သည့် အခွင့်ကောင်းများ ရှိနေကြောင်း၊ မိမိတို့သည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ကင်းမဲ့စေရေး အတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု အတူ ကတိပြုကြကြောင်း၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေး အတွက် နှစ်ဖက် ကြိုးပမ်းဆောင်ရွက်ကြကြောင်း၊ အမေရိကန် အနေနှင့် တရုတ်ပြည်နှင့် တရားမျှတရေး၊ အပြန်အလှန် အကျိုးရှိစေရေးရှိပြီး အားကောင်း သောစီးပွားကုန်သွယ်ရေး ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားသည်။

   Webradio