• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ထရမ့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-11-09 16:28:54

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၉ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် အလည်အပတ် ရောက်ရှိလာသော အမေရိကန် သမ္မတ ထရမ့်နှင့် ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း၊ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် တရုတ်- အမေရိကန် ဆက်ဆံရေး၊ နှစ်ဖက်စလုံး အာရုံစိုက်ကြသော အရေးကြီး နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အရေးကိစ္စနှင့် ပြဿနာများနှင့် ပတ်သက်၍ ကျယ်ပြန့်နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

နှစ်ဖက်တို့က ယခုနှစ်တွင် နှစ်နိုင်ငံ ဆက်ဆံမှု၌ အရေးကြီးသည့် တိုးတက်မှု ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှုသည် နှစ်နိုင်ငံပြည်သူများ၏ ချမ်းမြေ့သာယာမှုနှင့် သက်ဆိုင်သည့် အပြင်၊ ကမ္ဘာ့ အေးချမ်းတည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးနှင့်လည်း သက်ဆိုင်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေးသည် နှစ်နိုင်ငံ အတွက် တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်ချက် ဖြစ်ပြီး အတူအောင်မြင်မှုများ ရရှိရေး အကောင်အထည် ဖော်လျှင် ပိုမိုကောင်းမွန်သော အနာဂတ်ရေးကို ဖန်တီးနိုင်မည် ဖြစ်ကြောင်း ယူဆကြကြောင်း သိရသည်။

   Webradio