• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီးပွားရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စီးပွားရေး ဆက်တိုက် ရှင်သန်စွာ ဖွံ့ဖြိုးရေးကို တွန်းအားပေးရန် လိုသည်ဟု လီခေ့ချန်ဆို

(GMT+08:00) 2017-11-09 15:37:26

တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က ယခုလ ၇ရက်နေ့က ပီကင်းတွင် စီးပွားရေး အခြေအနေဆိုင်ရာ ပညာရှင်များနှင့် လုပ်ငန်းရှင်များ နှီးနှောဖလှယ်ပွဲကို ကြီးမှူးကျင်းပရာ တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ အနှစ်သာရများ လက်တွေ့ ကျင့်သုံးဆောင်ရွက်ရေးနှင့် နောက်ထပ်ခြေလှမ်း စီးပွားရေး လုပ်ငန်းနှင့် ပတ်သက်၍ အကြံပေးချက်များကို ကြားနာခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းနှီးနှောဖလှယ်ပွဲတွင် မိန့်ခွန်းပြောကြားရာ လီခေ့ချန်က ကောင်းမွန်တည်ငြိမ်သော  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားရန်၊ စီးပွားရေး ဆက်တိုက် ရှင်သန်စွာ ဖွံ့ဖြိုးရေးကို တွန်းအားပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

   Webradio