• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-11-09 15:36:57

အကြိမ်သစ် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေးကို ယခုလ ၆ရက်နေ့က ဂျာမဏီနိုင်ငံ ဘွန်းမြို့တွင် ဖွင့်လှစ်ခဲ့ရာ ၂၀၁၈ခုနှစ်တွင် ကျင်းပမည့် ပါရီ သဘောတူ စာချုပ် လက်တွေ့ဖော်ဆောင်ရေး အသေးစိတ် သတ်မှတ်ချက်များ ဆိုင်ရာ ဆွေးနွေးပွဲ ပြီးမြောက်ရန် အတွက် ၄င်းအသေးစိတ် သတ်မှတ်ချက်များနှင့် ပတ်သက်၍ တစ်ဆင့်တိုး ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ရာသီဥတု ပြောင်းလဲမှု ရေးရာ ဦးစီးဌာန ဒုညွှန်ချုပ် လူရှင်းမင်က ယခုအကြိမ် အစည်းအဝေးကို လွန်ခဲ့သည့် အကြိမ်များထက် ပိုမိုအချိန်ရှည်ကြာစွာ ကျင်းပမည် ဖြစ်၍ ဆွေးနွေးရန် အချိန် ပိုမိုလုံလောက်ကြောင်း၊ ဆွေးနွေးရေး စီစဉ်ပေးမှုများသည်လည်း ပိုမို တွင်ကျယ်ကြောင်း၊ ဖီဂျီနိုင်ငံသည် ယခုအကြိမ် အစည်းအဝေး၏ သဘာပတိ နိုင်ငံ အဖြစ် တာဝန် ထမ်းဆောင် ကြောင်း၊ ယင်းသည် ရာသီဥတု ပြောင်းလဲမှုတွင် အလွန်အားနည်းသည့် ဖွံ့ဖြိုးဆဲ ကျွန်းလေးနိုင်ငံ အနေနှင့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု အစည်းအဝေး၏ သဘာပတိ နိုင်ငံ အဖြစ် ပထမဆုံး အကြိမ် တာဝန်ထမ်းဆောင်ခြင်း ဖြစ်ကြောင်း၊ ဖီဂျီနိုင်ငံသည် ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှ အစိုးရ အဆင့်ဆင့်၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များ၊ လုပ်ငန်းကုမ္ပဏီများနှင့် သာမန်ပြည်သူများ ပါဝင်ကြသော ရာသီဥတု ပြောင်းလဲမှု လက်တွဲ ရင်ဆိုင်ရေး မဟာမိတ်အဖွဲ့ တည်ထောင်ရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရုတ် ကိုယ်စားလှယ်အဖွဲ့သည် ယခုအကြိမ် အစည်းအဝေး၏ အဓိက ခေါင်းစဉ်များနှင့် ပတ်သက်၍ အဆိုပြုချက် ၅ခုကို တင်ပြမည် ဖြစ်ကြောင်း၊ တရုတ်ပြည် အနေနှင့် ပါရီ သဘောတူ စာချုပ်ကို ဆက်လက် တက်ကြွစွာ အားပေးထောက်ခံမည် ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio