• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှနှင့် ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်ရေးသည် ဒေသတွင်း စီးပွားရေး တပြေးညီ ဖြစ်စေရေး အတွက် တွန်းအားပေးမှုသစ် သွင်းပေး

(GMT+08:00) 2017-11-09 15:34:59

အေပက်အဖွဲ့ ၂၅ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်း အဝေးကို ယခုလ ၁၀ရက်နေ့မှ ၁၁ရက်နေ့အထိ ဗီယက်နမ် နိုင်ငံ အလယ်ပိုင်း ဒါနမ်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ အာရှနှင့် ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန်(FTAAP) ဖြစ်စဉ်သည် ယခုအကြိမ် အစည်းအဝေးတွင် အဓိက ဆွေးနွေးမည့် ခေါင်းစဉ် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

အကဲခတ်များက ဒီ-ဂလိုဘယ်လိုက်ဇေးရှင်း(De-globalization)နှင့် ကုန်သွယ်ရေး ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဦးမော့လာသည့် အခြေအနေမျိုးတွင် ဘက်စုံ၊ အရည်အသွေးကောင်းမွန်သော အာရှနှင့် ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်ရေးသည် ဒေသတွင်း စီးပွားရေး တပြေးညီ ဖြစ်စေရေး အကောင်အထည် ဖော်ရေး အတွက် တွန်းအားပေးမှုသစ် သွင်းပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

 

 

   Webradio