• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရမ့်နှင့် ဇနီးနှင့်အတူ ရှီကျင့်ဖိန်နှင့် ဇနီးတို့ ရှေးဟောင်းနန်းတော်တွင် လိုက်ပါ လည်ပတ် ကြည့်ရှု

(GMT+08:00) 2017-11-09 15:33:45

ယခုလ ၈ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဇနီးဖုံလိယွမ်တို့သည် တရားဝင် အလည်အပတ် ရောက်ရှိလာသော အမေရိကန် သမ္မတ ထရမ့်နှင့် ဇနီးတို့နှင့် အတူ ရှေးဟောင်းနန်းတော်တွင် လိုက်ပါ၍ ၄နာရီကြာ လည်ပတ် ကြည့်ရှုခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်နှင့် ဇနီးတို့သည် ရှေးဟောင်းနန်းတော်ရှိ ထိုက်ဟို နန်းဆောင်၊ ကျုံးဟိုနန်းဆောင်နှင့် ပေါင်ဟိုနန်းဆောင်များကို အတူ လည်ပတ်ကြည့်ရှုပြီး ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများ ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ အဖိုးတန်လှသည့် ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများနှင့် ပီကင်းအော်ပရာ ဖျော်ဖြေမှုများကိုလည်း ကြည့်ရှုကာ လက်ဖက်ရည် သောက်သုံးရင်း စကားစမြည် ပြေားခဲ့ကြကြောင်း သိရသည်။

ထိုသို့စကားပြောကြရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ထရမ့် အနေနှင့် အမေရိကန် သမ္မတ အဖြစ် အရွေးခံခဲ့ရသော တစ်နှစ်ပြည့်မြောက်သည့် အခါသမယတွင် တရုတ်ပြည်၌ လာရောက် တရားဝင် ခရီးလှည့်လည်ရန် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း၊ သမ္မတ ထရမ့်၏ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်သည် အရေးကြီးသည့် အနက်အဓိပ္ပါယ်ရှိ ကြောင်း၊ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးက ယင်းခရီးစဉ် အပေါ် အလွန်အာရုံစိုက်ကြကြောင်း၊ နှစ်ဖက်တို့မှ လက်တွဲကြိုးပမ်းဆောင်ရွက်မှုဖြင့် ယခုအကြိမ် ခရီးစဉ်သည် အပြုသဘောဆောင်ပြီး အရေးကြီးသည့် အောင်မြင်မှုများ ရရှိမည်ဟု မိမိယုံကြည်ကြောင်း ပြောကြားသည်။

သမ္မတ ထရမ့်က မိမိ၏ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ် အတွက် တရုတ်ဘက်မှ ကျေပွန်သော စီစဉ်ပေးမှုများကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အောင်မြင်စွာ ကျင်းပ ပြီးစီးခြင်းနှင့် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ရန် ရှီကျင့်ဖိန် အနေနှင့် နောက်ထပ် အရွေးခံရခြင်း အပေါ် ဂုဏ်ပြုကြောင်း၊ တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ရရှိခဲ့သော အောင်မြင်မှုများကို ချီးကျူးကြောင်း၊ မိမိ၏ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်သည် အောင်မြင်မှုများ ရရှိရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။

   Webradio