• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ ခုနှစ် အေပက်အဖွဲ့ စက်မှုကုန်သွယ်ရေးထိပ်သီးများအစည်းအဝေး ဒါနမ်မြို့တွင် ဖွင့်လှစ်

(GMT+08:00) 2017-11-09 15:23:26

၂၀၁၇ခုနှစ် အေပက်အဖွဲ့ စက်မှုကုန်သွယ်ရေးထိပ်သီးများအစည်းအဝေးကို ယခုလ ၈ ရက်နေ့က ဗီယက်နမ်နိုင်ငံအလယ်ပိုင်းဒေသ ဒါနမ်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ် အစည်းအဝေးတွင် ဂလိုဘယ်လိုက်ဇေးရှင်းအခြေအနေသစ်၊ ဒေသတွင်းစီးပွားရေး တပြေးညီဖြစ်စေရေးနှင့် အသေးစား၊ အလတ်စားလုပ်ငန်းကုမ္ပဏီများ၏ ပြိုင်ဆိုင်နိုင်စွမ်း အပါအဝင်ဆွေးနွေးစရာများနှင့် စပ်လျဉ်း၍ နှီးနှောဖလှယ်၊ တိုင်ပင်ဆွေးနွေးသွားကြမည် ဖြစ်ကြောင်းဆင်ဟွာသတင်း ဌာနကရေးသားဖော်ပြသည်။

အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ်နိုင်ငံတော်ဥက္ကဋ္ဌ ထရန်ဒိုင်ကွမ်က၊ အာရှ-ပစိဖိတ်ဒေသ စက်မှုကုန်သွယ်ရေးလောကသည်၊ နည်းပညာသစ်၊ စွမ်းအင်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ခေတ်သစ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးပုံစံ စသည့် နယ်ပယ်များတွင် ဦးဆောင်သူကဲ့သို့ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၁၇ခုနှစ် အေပက်အဖွဲ့ထိပ်သီးများအစည်းအဝေးများကို ယခုလ ၆ ရက်နေ့က ဒါနမ်မြို့ တွင် ဖွင့်လှစ်ခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio