• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆဋ္ဌမအကြိမ်မြောက် တရုတ်-ထိုင်း မဟာဗျူဟာ နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2017-11-09 15:13:39

        ဆဋ္ဌမအကြိမ်မြောက် တရုတ်-ထိုင်း မဟာဗျူဟာ နှီးနှောဖလှယ်ပွဲကို ယခုလ ၈ ရက်နေ့က တရုတ်ပြည် ရှာ့မင်မြို့၌ ကျင်းပခဲ့ရာ ထိုင်း ဒုဝန်ကြီးချုပ် Prajin Jantong၊ တရုတ်နိုင်ငံတော်ကောင်စီ ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖားများရေးရာရုံး ကွန်မြူနစ်ပါတီကော်မတီ အတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌရှူယုရှိန်၊ တရုတ်နှင့်ထိုင်း နှစ်နိုင်ငံမှ အစိုးရဝန်ထမ်းနှင့် ကျွမ်းကျင်သူပညာရှင် ၁၀၀ ကျော်တို့သည် တက်ရောက်ခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

        ယင်း နှီးနှောဖလှယ်ပွဲတွင် ထိုင်း စက္ကူပြာစာတမ်း၊ ၂၀၁၇ခုနှစ် ထိုင်းနိုင်ငံဆိုင်ရာ လေ့လာရေး အစီရင်ခံစာကို ထိုနေ့တွင်လည်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio