• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတယအကြိမ် တရုတ်-အာဆီယံ နိုင်ငံတကာ ကုန်ထုတ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်မှု ထွိုလေဖိုရမ် ကျင်းပ

(GMT+08:00) 2017-11-09 15:13:15

        ၂၀၁၇ခုနှစ် တရုတ်-အာဆီယံ နိုင်ငံတကာ ကုန်ထုတ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်မှု ထွိုလေဖိုရမ်ကို ယခုလ ၉ ရက်နေ့က တရုတ်ပြည် ကွေ့ကျိုးပြည်နယ် ဖန်ကျိုးမြို့ ထွိုလေရွာ၌ စတင်းကျင်းပခဲ့ရာ ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူပညာရှင်များ၊ တရုတ်နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ သံမှူးများ၊ အာဆီယံ ကုန်သည်များ အသင်းမှ ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများမှ စက်မှုကုန်သွယ်ရေးအသင်း၊ လယ်ယာထွက်အစားအစာအသင်း၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုလုပ်ငန်းအသင်း၊ ကုန်စည် သယ်ယူပို့ဆောင်ရေးအသင်း၊ အဆောက်အအုံ တည်ဆောက်ရေးအသင်း၊ ငွေကြေးလုပ်ငန်း အသင်းတို့မှ ခေါင်းဆောင်နှင့် လုပ်ငန်းရှင်ကိုယ်စားလှယ် ၃၀၀ ကျော်တို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio