• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရန့်သည် ပီကင်းသို့ ရောက်ရှိ

(GMT+08:00) 2017-11-08 17:40:52

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန် နိုင်ငံ သမ္မတ ထရန့်သည် တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်ရန် ယခုလ ၈ရက်နေ့ ညနေပိုင်းက ပီကင်းသို့ ရောက်ရှိခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယင်းသည် ယခုနှစ်ဆန်းက အမေရိကန် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် ထရန့်၏ ပထမဆုံး အကြိမ် တရုတ်ပြည် ခရီးစဉ် ဖြစ်ပြီး တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အောင်မြင်စွာ ကျင်းပပြီး တရုတ်ပြည် လက်ခံသည့် ပထမဆုံး အကြိမ် နိုင်ငံခြား ထိပ်သီးခေါင်း ဆောင်ခရီးလှည့်လည်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

   Webradio