• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ အေပက်အဖွဲ့ စက်မှုကုန်သွယ်ရေးထိပ်သီးများ အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-11-08 16:20:31

      ၂၀၁၇ခုနှစ် အေပက်အဖွဲ့ စက်မှုကုန်သွယ်ရေးထိပ်သီးများအစည်းအဝေး ကို ယခုလ ၇ ရက်နေ့ညက ဗီယက်နမ်နိုင်ငံ ဒါနမ်မြို့တွင် ကျင်းပခဲ့ရာ၊ တရုတ်ပြည်အပါအဝင်နိုင်ငံများမှ နိုင်ငံရေးနှင့် ကုန်သွယ်ရေးကိုယ်စားလှယ် ၁၅၀ ကျော်တို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်း အရသိရသည်။

အစည်းအဝေးတက်ရောက်သည့် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဝမ်ရှုဝင် က၊  လွန်ခဲ့သည့် နှစ် ၂၀ အတွင်း အေပက်အဖွဲ့ဝင်စီးပွားရေးအုပ်စုများသည်၊ ဒေသတွင်း စီးပွားရေးတပြေးညီဖြစ်စေရေးတွင် ထင်ရှားသော တိုးတက်အောင်မြင်မှုများရရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

                                   

   Webradio