• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ ဗီယက်နမ် ခရီးစဉ်သည် ခေတ်သစ်တွင် တရုတ် ဝိသေသထူးခြားချက် ပါရှိသော သံတမန်ရေး၏ အနှစ်သာရကို ပြသမည်

(GMT+08:00) 2017-11-08 15:32:04

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီယက်နမ် နိုင်ငံ ဒါနမ်မြို့တွင် ကျင်းပမည့် ၂၅ကြိမ်မြောက် အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ပြီး ဗီယက်နမ် နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယင်းခရီး မထွက်ခင်က ဗီယက်နမ် နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်ရှောင်ရုံက ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ယင်းသည် တရုတ် ကွန်မြူနစ်ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အောင်မြင်စွာ ကျင်းပပြီးသည့်နောက် တရုတ် ထိပ်သီးခေါင်းဆောင် အနေနှင့် နိုင်ငံတကာ ဘက်ပေါင်းစုံ အစည်းအဝေးသို့ ပထမဆုံး အကြိမ် တက်ရောက်မည် ဖြစ်သလို ပထမဆုံး အကြိမ် နိုင်ငံခြား ခရီးစဉ်လည်း ဖြစ်ကြောင်း၊ ယင်းသည် ခေတ်သစ်တွင် တရုတ် ဝိသေသထူးခြားချက် ပါရှိသော သံတမန်ရေး၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခြင်း ဖြစ်ပြီး ခေတ်သစ်တွင် တရုတ် ဝိသေသထူးခြားချက် ပါရှိသော သံတမန်ရေး၏ အနှစ်သာရကို ပြသမည်ဖြစ်ကြောင်း ပြောကြားသည်။

 

 

   Webradio