• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Roadသည် အာရှနှင့် ပစိဖိတ် စည်ပင်သာယာရေး အတွက် အားကောင်းသော တွန်းအားပေး

(GMT+08:00) 2017-11-08 15:26:57

    အာရှနှင့် ပစိဖိတ်သည် လက်ရှိ ကမ္ဘာပေါ်တွင် ရှင်သန်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာ အများဆုံး ဒေသ ဖြစ်ကြောင်း၊ ကမ္ဘာ့ စီးပွားရေး ကောင်းမွန်လာ သော်လည်း အန္တာရာယ်နှင့် မရေရာမှု သိသာထင်ရှားနေသည့် လက်ရှိ အခြေအနေမျိုးတွင် အာရှနှင့် ပစိဖိတ် စီးပွားရေး၏ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံ အုတ်မြစ် ခိုင်မာမှု မရှိခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးမှု ပြောင်းလဲခြင်း အပါအဝင် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရကြောင်း၊ တရုတ်ပြည် တင်ပြထားသော Belt and Road အဆိုပြုချက်သည် အပြန်အလှန် ဆက်သွယ်ရေးကို အရေးကြီးသည့် အချက် အဖြစ် ထားပြီး  ကုန်ထုတ် စွမ်းအား ဆိုင်ရာ အဓိက အချက်များ လွတ်လပ် အဆင်ပြေစွာ ရွေ့လျားမှုကို တိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်မှု ဘက်စုံပြုလုပ်ခြင်း ပလက်ဖောင်းကို ဖန်တီးပေးကာ အတူ အောင်မြင်မှုများ ရရှိရေးနှင့် အတူမျှဝေခံစားရေး ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ရန် ရည်ရွယ်ထားကြောင်း၊ နိုင်ငံတကာ မိသားစုကြီးသည် အာရှနှင့် ပစိဖိတ်ဒေသက Belt and Roadတည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး အာရှနှင့် ပစိဖိတ် စည်ပင်သာယာရေး အတွက် အားကောင်းသော တွန်းအားပေးရန် မျှော်လင့်ကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

   Webradio