• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ်ပြဿနာဆိုင်ရာ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို ပီကင်း၌ ကျင်းပ

(GMT+08:00) 2017-11-08 15:10:25

        "တောင်ပင်လယ် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ခြင်း၊ ပင်လယ်ပြင် လုံခြုံရေး ထိန်းသိမ်းကာကွယ်ရန် ဆောင်ရွက်မှုသစ်များ" ဆောင်ပုဒ်ဖြစ်သည့် တောင်ပင်လယ်ဒေသ နိုင်ငံစုံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို ယခုလ ၇ ရက်နေ့က ပီကင်းမြို့၌ ကျင်းပခဲ့ရာ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ဗီယက်နမ် စသည့် နိုင်ငံများမှ ကိုယ်စာလှယ်များ၊ တတ်သိပညာရှင်းများအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူပညာရှင်များ ၈၀ ခန့်တို့သည် တက်ရောက်ခဲ့ကြကြောင်း၊ ယင်းအစည်းအဝေးကို ၂ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး တရုတ် နိုင်ငံတကာ မဟာဗျူဟာ အသင်းနှင့် မလေးရှား ပင်လယ်ရေးရာ သုတေသနဌာနတို့ ပူးတွဲဦးစီကျင်းပဖြင်းဖြစ်ကြောင်း၊ ယင်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကြသူများသည် တောင်ပင်လယ် ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ကူးလူးဖလှယ်ကာ အကြံဥာဏ်ကောင်းများ တင်ပြကြမည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

   Webradio