• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမျှော်အမြင်ရှိရှိဖြင့် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကို လက်တွဲ တွန်းအား ပေးကြစို့

(GMT+08:00) 2017-11-08 09:37:23

တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာ၏ ဆောင်းပါး တစ်ပုဒ်တွင်၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အမေရိကန် သမ္မတ ထရန့်သည် ယခုလ ၈ ရက်နေ့မှ စတင်ပြီး တရုတ်ပြည်သို့ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာ မိသားစုကြီးသည် ယခုအကြိမ် ခရီးစဉ်တွင် တရုတ်-အမေရိကန် ဆက်ဆံမှု၏ အနာဂတ် တိုးတက်ရေးဆိုင်ရာ အပြုသဘောဆောင်သော အချက်အလက်များ ပြသနိုင်ရန် စောင့်မျှော် နေသလို နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာကြီး၏ တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေးအတွက် အကျိုးပြုနိုင်ရန် မျှော်လင့်နေကြောင်း ရေးသားဖေါ်ပြ ထားပါသည်။

ယင်းဆောင်းပါးတွင် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းသည် ကမ္ဘာကြီးအတွက် အကြောင်း များစွာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပြီး ပြဿနာ များစွာကိုလည်း ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားပါသည်။

   Webradio