• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပညာရှင်များ သုံးသပ်

(GMT+08:00) 2017-11-08 09:31:37

အမေရိကန် သမ္မတ ထရန့်သည် ယခုလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ တရုတ်ပြည်သို့ လာရောက် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ သမ္မတနှင့်အတူ လိုက်ပါလာသော အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် လုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့တို့သည် သက်ဆိုင်ရာ စီးပွါးကုန်သွယ်ရေး လှုပ်ရှားမှုများကို ပြုလုပ်မည် ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာများကိုလည်း ချုပ်ဆိုမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန် သမ္မတ ထရန့်၏ ယခု အကြိမ် တရုတ်ပြည် ခရီးစဉ်တွင် အရေးကြီး အကြောင်းအရာ တစ်ရပ် ဖြစ်ပြီး ဘက်အသီးသီးတို့သည် နှစ်ဖက်အကြား စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို နက်ရှိုင်းနိုင်ရန် မျှော်လင့်နေကြကြောင်း၊ ပညာရှင်များက၊ ယခုအကြိမ် ခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံတို့သည် ပိုမို တရားမျှတသော အပြန်အလှန် အကျိုးရှိစေသည့် ကုန်သွယ်မှု နယ်ပယ်များတွင် ပိုမို များပြားသော သဘောတူညီမှုများကို ရရှိ နိုင်မည်ဟု ခန့်မှန်းထားကြောင်း သတင်းရရှိပါသည်။

   Webradio