• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပိုအော် အာရှဖိုရမ် ဖွံ့ဖြိုးရေး ထိပ်သီးအစည်းအဝေး ကျင်းပ

(GMT+08:00) 2017-11-07 09:22:31

၂၀၁၇ ခုနှစ် ပိုအော် အာရှဖိုရမ် ဖွံ့ဖြိုးရေး ထိပ်သီး အစည်းအဝေးကို ယခုလ ၆ ရက်နေ့ နံနက်ပိုင်းက မကာအို အထူးအုပ်ချုပ်ရေးဒေသ ကျင်ရှာချင် စင်တာ၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် အင်တယ်လစ်ဂျင် မြို့ပြ တည်ဆောက်ရေးနှင့် အာရှဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုဥက္ကဋ္ဌ ဟိုဟို့ဟွာ၊ မကာအို အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး ဆွေးရှိအန်း စသည့် ပုဂ္ဂိုလ်များသည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio