• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပေတို အမှတ်-၃ ကမ္ဘာလုံးကွန်ရက် ဂြိုဟ်တု နှစ်စင်း တရုတ် လွှတ်တင်

(GMT+08:00) 2017-11-06 08:32:55

ယခုလ ၅ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် တရုတ်နိုင်ငံသည် ရှီးချမ်း ဂြိုဟ်တု လွှတ်တင်ရေးစခန်း၌ လောင်းမတ်ခ်ျ အမှတ်-၃ (ဂ) သယ်ဆောင်ဒုံးပျံဖြင့် ပေတို အမှတ်-၃ ကမ္ဘာလုံး ကွန်ရက် ဂြိုဟ်တု နှစ်စင်းကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ ယင်းသည် ပေတို အမှတ်-၃ ဂြိုဟ်တုကို ပထမအုံးအကြိမ် အဖြစ် လွှတ်တင်ခြင်း ဖြစ်ပြီး တရုတ်ပြည်၏ ပေတို ဂြိုဟ်တု လမ်းပြ စနစ်သည် ကမ္ဘာလုံး ကွန်ရက် ခေတ်သစ်သို့ ဝင်ရောက်ပြီဟု ပြသ နေကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

တရုတ်ပြည်၏ ဖွံ့ဖြိုးရေး မဟာဗျူဟာအရ၊ ၂၀၀၀ ပြည့်နှစ် နှစ်ကုန်တွင် ပေတို အမှတ်-၁ စနစ် ပြီးမြောက်အောင် လုပ်ဆောင်ပြီး တရုတ်ပြည် အတွက် ဝန်ဆောင်မှု ပေးရန်၊ ၂၀၁၂ ခုနှစ် နှစ်ကုန် အတွင်း ပေတို အမှတ်-၂ စနစ် တည်ထောင်ပြီး အာရှနှင့် ပစိဖိတ် ဒေသအတွက် ဝန်ဆောင်မှုပေးရန်နှင့် ၂၀၂၀ ပြည့်နှစ် ဝန်းကျင်တွင် ပေတို ကမ္ဘာလုံး ကွန်ရက် စနစ်ကို တည်ထောင်ပြီး တစ်ကမ္ဘာလုံးအား ဝန်ဆောင်မှု ပေးရန် စီမံထားကြောင်း သိရပါသည်။

 

   Webradio