• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးများသို့ တက်ရောက်ပြီး ဖိလစ်ပိုင်တွင် တရားဝင် ခရီးလှည့်လည်မည်

(GMT+08:00) 2017-11-05 12:04:23

    အာဆီယံ အလှည့်ကျ သဘာပတိ ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၂ရက်နေ့မှ ၁၆ရက်နေ့အထိ ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်တွင် ကျင်းပမည့် ၂၀ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၊ ၂၀ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးနှင့် ၁၂ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ပြီး ဖိလစ်ပိုင်တွင် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယင်က ယခုလ ၅ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio