• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမ ၉ လအတွင်း တရုတ်ပြည် မြို့ပြ အလုပ်အကိုင်နေရာသစ် ချထားမှု ရည်မှန်းချက် ဖေါ်ဆောင်

(GMT+08:00) 2017-11-02 09:01:53

တရုတ် လူ့စွမ်းအား အရင်းအမြစ်နှင့် လူမှု အာမခံပေးရေး ဝန်ကြီးဌာနက၊ ယခုနှစ် ပထမ ၉ လအတွင်း တစ်ပြည်လုံး မြို့ပြ အလုပ်အကိုင်နေရာသစ် ၁၀ သန်းကျော် ရှိပြီး တစ်နှစ်တာလုံး ရည်မှန်းချက်ကို အခြေခံအားဖြင့် အကောင်အထည်ဖေါ်ဆောင်နေပြီ ဖြစ်ကြောင်း၊ တစ်ပြည်လုံး၌ အလုပ်လက်မဲ့နှုန်းကို ၄ ရာခိုင်နှုန်းအောက်၌ ရှိရန် ထိန်းသိမ်း ထားနိုင်ခဲ့ပြီး ငွေကြေးအကျပ်အတည်း ဖြစ်ပွါးခဲ့သည့်နောက်ပိုင်း အနိမ့်ဆုံးပင် ဖြစ်ကြောင်း၊ လူမှု အာမခံပေးရေးစနစ်မှာ တဆင့်တိုး ပြည့်စုံကောင်းမွန်လာပြီ ဖြစ်ပြီး စီမံခန့်ခွဲမှု အရည်အချင်းမှာ အဆက်မပြတ် တိုးမြင့်လာနေကြောင်း ယခုလ ၁ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။

ယခုနှစ် ပထမ ၉ လ အတွင်း တစ်ပြည်လုံး၌ အလုပ်အကိုင်နေရာသစ် ၁၀၉ သိန်း ၇ သောင်းကျော် ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၃ သိန်းခန့် တိုးလာကြောင်း၊ မြို့ပြ အလုပ်လက်မဲ့များ အလုပ်အကိုင် ပြန်လည်ရရှိသူ ဦးရေမှာ ၄၂ သိန်း ၇ သောင်းခန့် ရှိကြောင်း သတင်းရရှိပါသည်။

   Webradio