• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့တောင်အာရှမီဒီယာများ ဥက္ကဋ္ဌရှီကျင့်ဖိန်၏အစီရင်ခံစာကို ချီးကျူး

(GMT+08:00) 2017-10-19 14:54:22

ယခုလ၁၈ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ၁၉ကြိမ်မြောက်ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို ပီးကင်းမြို့ပြည်သူ့ခန်းမဆောင်ကြီး၌ဖွင့်လှစ်လိုက်ပြီး ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ၁၈ကြိမ်မြောက်ဗဟိုကော်မတီို ကိုယ်စား အစီရင်ခံစာတင်ပြခြင်းကို ကမ္ဘာ့တစ်ဝှမ်းလုံးမှ မီဒီယာများအာရုံစိုက်ကြကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများမှ မီဒီယာများ၊ သတင်းထောက်များ၊ ပညာရှင်များနှင့် အရာရှိများသည် ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အစီရင်ခံစာကို ချီးကျူးကြ တရုတ်ကွန်မြူနစ်ပါတီ၁၈ကြိမ်မြောက်ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကျင်းပခဲ့သည့် နောက်ပိုင်း တရုတ်ပြည်ရရှိခဲ့သော အောင်မြင်မှုများကို ချီးကျူး၍ တရုတ်ကွန်မြူနစ်ပါတီ၁၉ကြိမ်မြောက်ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံသည် တရုတ်ပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်ပေးမည်ဟု ဖေါ်ပြကြကြောင်း စီအာအိုင်၊ ပြည်သူ့နေ့စဉ်သတင်းစာနှင့် ဆင်ဟွာသတင်းဌါနမှ သတင်းများအရသိရပါသည်။

   Webradio