• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ဆန်-မဲခေါင် ယဉ်ကျေးမှုခရီးစဉ် မော်တော်ယာဉ်အဖွဲ့ ဘန်ကောက်သို့ ရောက်ရှိ

(GMT+08:00) 2017-10-18 14:50:37

ပထမဆုံးအကြိမ် လန်ဆနမြစ်-မဲခေါင်မြစ်မော်တော်ယဉ်ကျေးမှုခရီးစဉ် ချစ်ကြည်ရေးယာဉ်အဖွဲ့က ဘန်ကောက်သို့ရောက်ရှိခဲ့ကြောင်း၊ ကြိုဆိုပွဲအခမ်းအနားကို ယခုလ ၁၆ ရက်နေ့က ဘန်ကောက်ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ကြောင်း၊ ယင်းယာဉ်အဖွဲ့က ကမ္ဘောဒီးယားနှင့်လာအိုသို့ဆက်လက် သွားကြမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယခုအကြိမ်မော်တော်ယာဉ်အဖွဲ့ခရီးစဉ်သည် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် တရုတ်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်ထိုင်းနိုင်ငံခရီးသွားဦးစီးဌာနတို့ပူးတွဲဦးစီးကျင်းပသော တရုတ်-ထိုင်းယဉ်ကျေးမှုချစ်ကြည်ရေးခရီးစဉ်လုပ်ငန်းအခြေခံတွင် ပြုလုပ်သောလန်ဆနမြစ်-မဲခေါင်မြစ်ဝှမ်းဒေသယဉ်ကျေးမှုနှင့်လူမှုရေးကူးလူးဖလှယ်မှုဆိုင်ရာ အရေးကြီးလှုပ်ရှားမှုဖြစ်ကြောင်း၊ မော်တော်ယာဉ်အဖွဲ့က စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာလနောက် ၁၅ ရက် အထိ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုသို့ လှည့်လည်မည်ဖြစ်ကြောင်းသိရပါသည်။

   Webradio