• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်သိပ္ပံပညာတံခွန်အသင်းကြီးမှ ပညာရှင်များ "လွန်ခဲ့သည့် ငါးနှစ်အတွင်း တိုးတက်အောင်မြင်မှုများ" ပြပွဲကို ကြည့်ရှု

(GMT+08:00) 2017-10-18 14:34:29

        ယခုလ ၁၇ ရက်နေ့က တရုတ်သိပ္ပံပညာတံခွန်အသင်းကြီးမှ ပညာရှင်များသည်  ပီကင်းမြို့၌ ကျင်းပနေသော "လွန်ခဲ့သည့် ငါးနှစ်အတွင်း တိုးတက်အောင်မြင်မှုများ" ပြပွဲကို ကြည့်ရှုခဲ့ကြသည်။ ၄င်းတို့က ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေညီလာခံကျင်းပခဲ့သည့်နောက်ပိုင်း သိပ္ပံနည်းပညာဆိုင်ရာ အောင်ကျိုးရလဒ် များစွာ ရရှိခဲ့ကြောင်း၊ နောင်အခါတွင်လည်း ထိုကဲ့သို့သော အရှိန်အဟုန်ဖြင့် ပိုမိုများပြားသော ကမ္ဘာ့ထိပ်တန်း သိပ္ပံနည်းပညာ အောင်မြင်မှုများ ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

        FAST ခေါ် လက်ရှိ ကမ္ဘာ့အကြီးဆုံးသော Aperture Spherical radio အဝေးကြည့်မှန်ပြောင်း၊ ကျောလွန် ခေါ် ရေအနက်ဆုံးနေရာသို့ ရောက်ရှိနိုင်သော လူပါရေငုပ်ယာဉ်၊ Micius ခေါ် ကမ္ဘာ့ပထမဆုံး quantum ဂြိုလ်တု စသည့် နောက်ဆုံး သိပ္ပံနည်းပညာ အောင်မြင်မှုများကို ယင်းပြပွဲတွင် ပြသထားကြောင်း သတင်းအရ သိရပါသည်။

   Webradio