• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုလသမဂ္ဂ၏မြောက်ကိုးရီးယားအားအရေးယူမှုဆုံးဖြတ်ချက် ကျင့်သုံးရန်အမိန့်ကို ပူတင်လက်မှတ်ရေးထိုး

(GMT+08:00) 2017-10-17 19:41:26

ရုရှားဥပဒေသတင်းအချက်အလက်ဝက်ဆိုက်မှ ယခုလ၁၆ရက်နေ့ကထုတ်ပြန်သော ကြေညာချက်တွင် ရုရှားသမ္မတပူတင်သည် ယခုလ၁၄ရက်နေ့က အမိန်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟုဖော်ပြကြောင်းဆင်ဟွာသတင်းအရသိရပါသည်။ယင်းအမိန်အရ ရုရှားနိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ၂၀၁၆ခုနှစ်နိုဝင်ဘာလ၃၀ရက်နေ့က အတည်ပြုခဲ့သော ဆုံးဖြတ်ချက်အမှတ်၂၃၂၁ကို လက်နာကျင့်သုံးမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည် မြောက်ကိုးရီးယား၏ မကြာမီက နျူကလီးယားဒုံးကျည်စမ်းသပ်မှုကို တုံ့ပြန်ရန်အတွက် မြောက်ကိုးရီးယားနိုင်ငံဆိုင်ရာ ငွေကြေးရောင်းဝယ်မှုနှင့် မြောက်ကိုးရီးယား၏ ကုန်စည်တင်ပို့ရောင်းချမှု စသောနယ်ပယ်များတွင် မြောက်ကိုးရီးယားအား အရေးယူပိတ်ဆိုမည်ဖြစ်ကြောင်းဆင်ဟွာသတင်းအရသိရပါသည်။

   Webradio