• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သည် WFPမှတစ်ဆင့် အာဖကန်နစ္စတန်အားအရေးပေါ်စား​နပ်​ရိက္ခာထောက်ပံ့

(GMT+08:00) 2017-10-17 19:40:52

တရုတ်ပြည်သည် အာဖကန်နစ္စတန်နိုင်ငံပြည်သူလူထု၏ စားနပ်ရိက္ခာအကျပ်အတည်းအား ရင်ဆိုင်ဖြေရှင်းနိုင်အောင်ကူညီရန်အတွက် ကုလသမဂ္ဂစားနပ်ရိက္ခာစီမံကိန်းရုံး(WFP)မှတစ်ဆင့် အမေရိဒေါ်လာ၁သန်းဖိုးရှိသော အရေးပေါ် စားနပ်ရိက္ခာများထောက်ပံ့

ပေးမည်ဖြစ်ကြောင်း  အာဖကန်နစ္စတန်ဆိုင်ရာတရုတ်သံအမတ်ကြီး ယော်ကျင့်က ယခုလ၁၆ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟုဆင်ဟွာသတင်းအရသိရပါသည်။

    ထိုနေ့တွင် သံအမတ်ကြီး ယော်ကျင့်နှင့် အာဖဂန်နစ္စတန်ဆိုင်ရာWFPရုံးခွဲမှဒုဥက္ကဋ္ဌ Paul Howeတို့သည် ကာပူလ်မြို့၌ ကျင်းပသော ထောက်ပံ့ရေးစတင်ဆောင်ရွက်မှုအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

   Webradio