• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဆင်းရဲမှု ပပျောက်စေရေး အောင်မြင်မှုများ ကုလ အတည်ပြု

(GMT+08:00) 2017-10-17 15:51:30

ယခုနှစ် အောက်တိုဘာလ ၁၇ရက်နေ့သည် ၂၅ကြိမ်မြောက် နိုင်ငံတကာ ဆင်းရဲမှု ပပျောက်စေရေးနေ့ ဖြစ်ကြောင်း၊ ထိုနေ့က ကုလသမဂ္ဂသည် ဘက်အသီးသီးတို့အား ဆင်းရဲမှု ပပျောက်စေရေး နှိုးဆော်ချက်ကို တက်ကြွစွာ တုံ့ပြန်ပြီး ငြိမ်းချမ်းရေးနှင့် သက်ညှာထောက်ထားမှု ရှိသော လူ့ဘောင်အဖွဲ့အစည်း တည်ဆောက်ရန် ထပ်မံ ပန်ကြားကြောင်း၊ တရုတ်ပြည်၏ ဆင်းရဲမှု ပပျောက်စေရေးသည် ကမ္ဘာ့ ဆင်းရဲမှု ပပျောက်စေရေး လုပ်ငန်း အတွက် အကြီးဆုံး အကျိုးပြု စွမ်းဆောင်မှု တစ်ခု ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ယခုနှစ် နိုင်ငံတကာ ဆင်းရဲမှု ပပျောက်စေရေးနေ့ လှုပ်ရှားမှုများ၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့ ဆင်းရမှု ပပျောက်စေရေး ဆောင်ရွက်မှုများ၌ ဂုဏ်သိက္ခာ၊ စည်းလုံးညီညွတ်မှုနှင့် သဘောထား၏ တန်းဖို အထူးအရေးကြီးသည်ဟု တစ်ဆင့်တိုး အလေးထား ဖော်ပြရန် ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကူတယ်ရက်စ်က ဗီဒီယို မိန့်ခွန်းပြောကြားရာတွင် ကုလသမဂ္ဂ အနေနှင့် ဆင်းရဲမှု အပြီးအပြတ် ပပျောက်စေရေးကို ဦးလည်မသုန် တွန်းအား ပေးမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်က ၂၀၃၀ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သည် ဆင်းရဲမှု ပပျောက်စေရေး အတွက် အထိရောက်ဆုံး နည်းလမ်း တစ်ခု ဖြစ်ကြောင်း အလေးထား ပြောကြားသည်။

   Webradio