• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ချန်-မဲခေါင်မြစ်ယဉ်ကျေးမှု ခရီးစဉ်ချစ်ကြည်ရေးယာဉ်အဖွဲ့သည် ဗန်ကောက်သို့ ရောက်ရှိ

(GMT+08:00) 2017-10-17 15:33:03

      လန်ချန်-မဲခေါင်မြစ်ယဉ်ကျေးမှုခရီးစဉ် ချစ်ကြည်ရေးယာဉ်အဖွဲ့သည်၊ မကြာခင်က ထိုင်းနိုင်ငံဗန်ကောက်မြို့သို့ရောက်ရှိခဲ့သည်။ ၄င်းအတွက် ကြိုဆိုပွဲအခမ်းအနားကို ယခုလ ၁၆ ရက်နေ့ညက ဗန်ကောက်မြို့ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ရာ၊ ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ် သာနာဆတ်၊ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လျူကျန့်အပါအဝင် သက်ဆိုင်ရာ ပုဂ္ဂိုလ်များက တက်ရောက်ကြပြီး၊ ယင်းချစ်ကြည်ရေးယာဉ်အဖွဲ့၏ လှုပ်ရှားမှု များအပေါ် တန်ဖိုးထားချီးကျူးခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

ယခုအကြိမ်လန်ချန်-မဲခေါင်မြစ်ယဉ်ကျေးမှုခရီးစဉ် ချစ်ကြည်ရေးယာဉ်အဖွဲ့လှုပ်ရှားမှု ကို တရုတ်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ခရီးသွားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့က ပူးတွဲကျင်းပကြခြင်းဖြစ်သည်ဟု သိရသည်။

   Webradio