• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ်ရေလွှမ်းမိုးမှုကြောင့် လူ ၆၀ သေဆုံး

(GMT+08:00) 2017-10-16 15:31:25

    ရက်ပေါင်းများစွာ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေလွှမ်းမိုးမနှင့် ရွှံ.မြေပြိုကျမှု အပါအဝင် သဘာဝဘေးများကြောင့်၊ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများမှ လူ ၆၀ ဦး သေဆုံးပြီး၊ ၃၇ ဦးပျောက်ဆုံးနေကြောင်း ဗီယက်နမ်နိုင်ငံ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးဗဟိုခန့်ခွဲရေးကော်မရှင်မှ ယခုလ ၁၅ ရက်နေ့က ထုတ်ပြန်သည့် စာရင်းကို ကိုးကား၍ ဆင်ဟွာသတင်းဌာနကရေးသားဖော်ပြသည်။

 ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လ အတွင်း၊ သဘာဝဘေးများကြောင့်၊ ဗီယက်နမ်နိုင်ငံတွင်  အသေအပျောက်စာရင်း ၁၆၉ ဦးရှိပြီး၊ ၂၃၂ ဦးဒဏ်ရာရရှိခဲ့ သည်ဟု သတင်းအရသိရသည်။

 

   Webradio