• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ သတ္တမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ပြန်တမ်း အတည်ပြု ပြဌာန်း

(GMT+08:00) 2017-10-15 13:52:49

၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ သတ္တမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ယခုလ ၁၁ရက်နေ့မှ ၁၄ရက်နေ့အထိ ပီကင်းတွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဆင်ဟွာ သတင်းဌာနက ၁၄ရက်နေ့က အာဏာအပ်နှင်းမှု ရရှိပြီး ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ သတ္တမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ပြန်တမ်းကို ထုတ်ပြန်ခဲ့သည်။

၎င်းပြန်တမ်းတွင် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အဖွဲ့ဝင် ၁၉၁ဦးနှင့် အရံကော်မတီဝင် ၁၄၁ဦးသည် ယခုအကြိမ် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက် ခဲ့ကြကြောင်း၊ ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင်နှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များသည် လေ့လာအကဲခတ်သူ အဖြစ် အစည်းအဝေးသို့လည်း တက်ရောက် ခဲ့ကြကြောင်း၊ ယခုအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့က ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးတွင် အရေးကြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ မျက်နှာစုံညီ အစည်းအဝေးတွင် ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို ယခုလ ၁၈ရက်နေ့တွင် ပီကင်း၌ စတင် ကျင်းပမည် ဖြစ်ကြောင်း၊ အစည်းအဝေးတွင် ရှီကျင့်ဖိန်မှ အစီရင်ခံစာ တင်သွင်းခြင်းကို နာကြားဆွေးနွေး ခဲ့ကြကြောင်း၊ ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ ဆဌမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပခဲ့သည့်နောက်ပိုင်းတွင် ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့၏ လုပ်ငန်းများကို အပြည့်အဝ အတည်ပြုခဲ့ကြောင်း၊ ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ ကျင်းပခဲ့သည့် ၅နှစ် အတွင်း တရုတ် ကွန်မြူနစ် ပါတီ၏ လုပ်ငန်းနှင့် ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ လုပ်ငန်းများကို ပေါင်းရုံးသုံးသပ်ခဲ့ကြောင်း၊ မျက်နှာစုံညီ အစည်းအဝေးတွင် လက်ရှိ အခြေအနေနှင့် တာဝန်လုပ်ငန်းများကို ဘက်စုံ သုံးသပ်ပြီး အခြေအနေသစ်မျိုးတွင် တရုတ် ဝိသေသထူးခြားချက်ပါ ဆိုရှယ်လစ် အရေးတော်ပုံ တွန်းအားပေးရေးနှင့် အမျိုးသား ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး အိမ်မက် အကောင်အထည်ဖော်ရေး အပါအဝင် အရေးကြီး ကိစ္စရပ်များနှင့် ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးကာ ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ ကျင်းပရေး အတွက် အပြည့်အဝ ပြင်ဆင်ပေးခဲ့ကြောင်း ရေးသားဖော်ပြသည်။

   Webradio