• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ၂၅နှစ် ဆက်တိုက် အများဆုံးဖြစ်

(GMT+08:00) 2017-10-13 16:07:31

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောဖုန်းက တရုတ်ပြည်၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ၂၅နှစ် ဆက်တိုက် အများဆုံးဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၅နှစ် အတွင်း တရုတ်ပြည်၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ တည်ငြိမ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသုံးပြုခြင်း အရည်အသွေး တိုးမြင့် လာကြောင်း၊ တရုတ်ပြည်၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေး စနစ်သည် အရင်းအမြစ်မှစ၍ ပြောင်းလဲပြီး အမျိုးသား စီးပွားရေး အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ အကျိုးပြု စွမ်းဆောင်မှု တိုးမြင့်လာကြောင်း၊ အနာဂတ်တွင် တရုတ်ပြည်သည် တံခါးဖွင့်မှု နယ်ပယ်များကို တစ်ဆင့် တိုးချဲ့မည် ဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အတွက် ပိုမိုကောင်းမွန်သည့် အခြေအနေကို ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

   Webradio