• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကာ့ဒ် ဒေသ လွတ်လပ်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲ ဦးစီးကျင်းပသူအား အီရတ်တရားရေးဌာန ဖမ်းဝရမ်းထုတ်

(GMT+08:00) 2017-10-12 15:51:22

        ယခုလ ၁၁ ရက်နေ့က အီရတ် တရားရေးဌာနသည် ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ လွတ်လပ်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲ ဦးစီးကျင်းပသူအား ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        အီရတ်အစိုးရသည် ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၏ လွတ်လပ်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲအပေါ် အမြဲတမ်း ကန့်ကွက်ပြီး ယင်း ပြည်သူ့ဆန္ဒခံယူပွဲ၏ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖောက်ဖျက်ခြင်းကို ပြစ်တင်ရှုတ်ချကာ ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအား အရေးယူမှုများလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio