• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်နိုင်ငံ အီရန်နျူကလီးယားပြဿနာဆိုင်ရာ သဘောတူစာချုပ်ကို လက်လွှတ်လျှင် ကိုယ့်​ရှူး​ကိုယ်​ပတ်ဖြစ်မည်ဟု အီရန်ဆို

(GMT+08:00) 2017-10-12 15:50:52

        အီရန်သမ္မတ ရူဟာနီက အမေရိကန်သမ္မတထရန့်သည် အီရန်နျူကလီးယားပြဿနာဆိုင်ရာ သဘောတူစာချုပ်ကို လက်လွှတ်လျှင် ယခင်က ပြုလုပ်ခဲ့ဖူးသော အမှားအယွင်းကို ပြန်လည်ပြုလုပ်ရန်နှင့် ဆင်တူကြောင်း၊ ယင်းလုပ်ရပ်ကြောင့် ဆုံးရှုံးမှုခံရမည့်ဘက်သည် အမေရိကန်နိုင်ငံပင်ဖြစ်ကြောင်း ယခုလ ၁၁ ရက်နေ့က ကျင်းပခဲ့သော ကက်ဘိနက်အဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ရူဟာနီက အီရန် နျူကလီးယားပြဿနာဆိုင်ရာ ဘက်စုံသဘောတူစာချုပ်ကို ထိန်းသိမ်းကာကွယ်ခြင်းသည် ယင်းစာချုပ်ကို ချုပ်ဆိုကြသည့်နိုင်ငံများ၏ ကတိသစ္စာ ဂုဏ်အရေနှင့် သက်ဆိုင်ပြီး နိုင်ငံတကာမိသားစုကြီး၏ ယုံကြည်စိတ်နှင့်လည်း သက်ဆိုင်ကြောင်း၊ ယခုအချိန်တွင် အခြား စာချုပ်ချုပ်ဆိုသည့်နိုင်ငံများသည် အမေရိကန်နိုင်ငံ၏ နှုတ်ထွက်ခြင်းလုပ်ရပ်ကို မထောက်ခံကြောင်း ပြောကြားသည်။

   Webradio